သင့်ကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့လူတစ်ယောက်က...

သင်နဲ့နားလည်မှုအလွဲလေးတွေနဲ့စိတ်ဆိုးကြရင်တောင် အကြာ
ကြီးပစ်မထားတတ်ဘူး ပြန်လာခေါ်ပါလိမ့်မယ်...

သင်နဲ့ပတ်သက်တဲ့အရာတိုင်းကို အသေးမွှားလေးတွေကအစ
ခံစားနေတတ်ကြပါတယ်...

သင်နဲ့ပတ်သက်တဲ့သင့်ပတ်ဝန်ကျင် သင့်မိသားစုတွေနဲ့အလိုက်သင့်
နေတတ်အောင် ကြိုးစားနေတတ်ပါလိမ့်မယ်...

သူဟာစကားလုံးတွေအများကြီးပြောနေပါစေ ပြောတဲ့စကားနဲ့
သင့်အတွက်ဆိုလက်တွေ့ကျအောင်အကောင်ထည်ဖော်နေတတ်
ကြပါတယ်...

သင်နဲ့ပတ်သက်လာရင် စိတ်ဆိုးလွယ်တယ် မေ့ပစ်လွယ်တယ်
ဒါဏ်ရာရလွယ်နေတတ်ပါတယ်...

သင့်ရဲ့ဂရုစိုက်မှုလေးတွေကိုအရမ်းခံချင်တတ်ပြီး ဥပက္ခာပြုမှု
တွေနဲ့ကြုံရတိုင်းအရမ်းနာကျင်နေတတ်ကြပါတယ်...

သင်နဲ့အဆက်သွယ်မရတဲ့အခါ စိတ်ပူပြီးတော့လိုက်ရှာနေတတ်
ပြီး လူကြီးတစ်ယောက်လိုဆုံးမနေတတ်တဲ့ကြပါတယ်...

သင့်ကိုအမှန်တကယ်မြတ်မြတ်နိုးနိုးချစ်မိတဲ့လူတစ်ယောက်ဟာ
သင်နဲ့ဘယ်လိုမျိုးပဲဆန့်ကျင်ဖက်ဖြစ်နေပါစေ သင်နဲ့တူညီနိုင်
အောင် အကောင်းဆုံးကြိုးစားနေတတ်ကြပါတယ်..

Comments

Post a Comment

Popular posts from this blog